ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တို့၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တို့၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ Naypyitaw / September 13, 2025


   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တို့၌ ဖဲရိုက်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

  ဖြစ်စဉ်မှာ စက်တင်ဘာ ၁၁ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် ခရမ်းမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ခရမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ သန်းဌေး နေအိမ်၏ အနောက်ဘက်ရှိ ခြံအပြင်ဘက်မြေကွက်လပ်တွင် ညောင်ပင်သာကျေးရွာနေ ခင်မောင်ဝင်း(ခ)လူပေါ(၄၅)နှစ်ပါ ခုနစ်ဦးအား ဖဲချပ် ၅၂ ချပ်၊ လောင်းကြေးငွေများနှင့်အတူ ဖဲရိုက် လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိဖမ်းဆီးရမိသဖြင့် ခင်မောင်ဝင်း(ခ)လူပေါပါ ခုနစ်ဦးအား ခရမ်းမြို့မရဲစခန်း (ပ)၁၀၂/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့်လည်းကောင်း။

  အလားတူ စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီတွင် စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာနေ ဝင်းလှိုင်၏နေအိမ်တွင် ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ စလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဝင်းလှိုင်မှာ ထွက်ပြေးသွားခဲ့ပြီး ၎င်း၏နေအိမ်အောက်တွင် တောစိမ့်ကျေးရွာနေ တင်ဆိုင်(၇၀)နှစ်ပါ အမျိုးသား ငါးဦးအား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ ဆိုင်ကယ် သုံးစီး တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တင်ဆိုင်ပါ ငါးဦးအား စလင်းမြို့မရဲစခန်း (ပ)၃၇/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ထားရှိပြီး ဝင်းလှိုင်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,