ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / May 21, 2025
image_latest


ရန်ကုန် မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယမန်နေ့ ညနေပိုင်းက တိုက်ကြီးမြို့နယ် ဥတိုစိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်၍ Supreme Development Company Limited က လုပ်ပိုင်ခွင့်ရရှိထားသော မြေဧရိယာပေါ်၌ မိုးစပါးစိုက်ပျိုးရန် စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဥတိုစိုက်ပျိုးမွေးမြူရေးစခန်းရှိ ဦးခင်ရွှေ၏ CP ကြက်အကောင် ၃၀၀၀ မွေးမြူထားရှိမှု၊ ဦးကျော်ဝင်း၏ မွေးမြူရေးခြံ၌ ဥစားကြက်၂၅၀၀ နှင့် ဒံပေါက်ကြက် ၅၀၀၀ မွေးမြူထားရှိမှု၊ ငါးကန်များအတွင်းမှ ငါးများဖော်ယူနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အဆိုပါ ဥတိုစိုက်ပျိုးမွေးမြူရေးစခန်းတွင် အသားတိုးကြက်မွေးမြူ ရေးခြံ ၇၇ ခြံ၊ ဥစားကြက်နှစ်ခြံ၊ ငါးမွေးမြူရေးကန် ၆၇ ကန်ရှိကြောင်း သိရသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ရွှေဝါထွန်းခန်းမအဝင် တံတားအမှတ် (၁) အရှည်ပေ ၆၀၊ အကျယ် ၂၄ ပေဖြင့် ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေးဆောင်ရွက်ရန် မှာကြားသည်။

ညပိုင်းတွင် ဒဂုံမြို့နယ်ဦးဝိစာရလမ်းအား အရှည်ပေ ၄၇၀၀၊ အကျယ် ၄၈ ပေ၊ ဒု နှစ်လက်မရှိ ကတ္တရာကွန်ကရစ်ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,