ရေနံချောင်းမြို့ ပင်းဘုရားလမ်းဆုံတွင် လမ်းသွားလမ်းလာ လူငယ် ၁၀ ဦးကို စစ်မှုထမ်းဆောင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

ရေနံချောင်းမြို့ ပင်းဘုရားလမ်းဆုံတွင် လမ်းသွားလမ်းလာ လူငယ် ၁၀ ဦးကို စစ်မှုထမ်းဆောင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ


Ministry of Information/ Naypyitaw / April 27, 2024
image_latest


နေပြည်တော် ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ပင်းဘုရားလမ်းဆုံတွင် ဧပြီ ၂၅ ရက်က ဆိုင်ကယ်စီးနင်းလာသည့် လမ်းသွားလမ်းလာလူငယ် ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများစိုးရိမ်ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် အတွက် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။

တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံသူ နိုင်ငံသားများ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားတတ်မြောက်မှု မရှိစေရန်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နိုင်ခြင်းမရှိစေရန်အတွက် ပြည်သူများ အထင်အမြင်လွဲမှားစေမည့် လုပ်ကြံသတင်းများ၊ ကောလာဟလသတင်းများကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဝေလျက်ရှိသည်။ ယခုဖြစ်စဉ်မှာလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ရွာများ တည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရန်အတွက် လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်နေမှုများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန် လမ်းသွားလမ်းလာများကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများမရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,