ရွာငံဒေသထွက် ကော်ဖီများ ယခုနှစ်တွင် ဈေးနှုန်းကောင်းမွန်

ရွာငံဒေသထွက် ကော်ဖီများ ယခုနှစ်တွင် ဈေးနှုန်းကောင်းမွန်


Ministry of Information/ Naypyitaw / January 25, 2022
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် သမဝါယမအသင်းစုက ကော်ဖီသီးများ ဝယ်ယူကြိတ်ခွဲဖြန့်ဖြူးလျက်ရှိရာ ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများသာမက ဒေသခံ ကော်ဖီစိုက်တောင်သူများပါ မြို့နယ်သမဝါယမ အသင်းစုသို့ လာရောက် ရောင်းချလျက်ရှိသည်။

မြို့နယ်သမဝါယမအသင်းစုအနေဖြင့် ယခုနှစ် ကော်ဖီရရာသီချိန်အတွင်း ကော်ဖီသီး တန်ချိန် ၁၅၀ ခန့် ဝယ်ယူရန် လျာထားခဲ့သော်လည်း ယနေ့အထိ ကော်ဖီတန်ချိန် ၁၆၄ တန်ခန့် ဝယ်ယူပြီးဖြစ်ကြောင်း နှင့် ကော်ဖီသီးဈေးနှုန်း ကောင်းမွန်မှုကြောင့် ကော်ဖီစိုက်တောင်သူများ ယခင်နှစ်များထက် ဝင်ငွေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်