ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ


Ministry of Home Affairs/ နေပြည်တော် / March 24, 2026


      ၂၀၂၆ ခုနှစ်၊ မတ် ၂၃ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ပြည်သူ့ စစ်မှုထမ်းအမှတ်စဉ်(၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်မှ တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး သင်တန်းသားများအား ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ငွေနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊