ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၄၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၄၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / April 03, 2026
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်ကျွန်ကျေးရွာနေ စိုင်းလုံတစ်(ခ)စိုင်းပုံ(၅၂)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား(တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၄၂ သိန်း)အား ဖမ်းဆီးရမိသဖြင့် စိုင်းလုံတစ်(ခ)စိုင်းပုံ အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။