ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန်နှင့်ဓားရှည်ကိုင်ဆောင်သွားလာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန်နှင့်ဓားရှည်ကိုင်ဆောင်သွားလာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / May 21, 2025
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန်နှင့်ဓားရှည်ကိုင်ဆောင်သွားလာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ မေ ၁၈ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန်နှင့်ဓားရှည် ကိုင်ဆောင်သွားလာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၁၈ ရက် နံနက် ၃ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်၌ မယ်ယန်းကျေးရွာနေ ရှိုင်းထက်အောင်(ခ)အောင်အောင်(၃၀)နှစ်အား ဓားရှည် တစ်ချောင်းဖြင့်လည်းကောင်း။

     ထို့အတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ နောင်ခမ်းအောင် ဆုပန်ဘုန်းကြီးကျောင်းအနီး၌ အဆိုပါရပ်ကွက်နေ အူးဗြာ(ခ)မိုးခိုင်ထွန်း(၃၁)နှစ်အား အရိုး/အသွား ၉ လက်မခွဲခန့်ရှိ ဓားဦးချွန် တစ်ချောင်းဖြင့်လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးအား ဟောင်လိတ်နယ်မြေရဲစခန်း၌ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,