ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နားဟီး(ရှေ့/နောက်)- ထီဖူး- ထီနို့-ထီဝါးမွူး ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နားဟီး(ရှေ့/နောက်)- ထီဖူး- ထီနို့-ထီဝါးမွူး ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

Ministry of Home Affairs/ နေပြည်တော် / January 23, 2026

     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော နားဟီး(ရှေ့/နောက်)-ထီဖူး-ထီနို့-ထီဝါးမွူး (၁ မိုင် ၄ ဖာလုံ) ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။