ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မိုးနဲ-ကင်တုံ-လုံစံကျေးရွာသွားလမ်းမပေါ်ရှိ ကွန်ကရစ်တံတား တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မိုးနဲ-ကင်တုံ-လုံစံကျေးရွာသွားလမ်းမပေါ်ရှိ ကွန်ကရစ်တံတား တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Ministry of Home Affairs/ နေပြည်တော် / September 11, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စုအတွင်း၌ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုးနဲမြို့နယ်၊ မိုးနဲ-ကင်တုံ-လုံစံကျေးရွာသွားလမ်းမပေါ်ရှိ ၃၀ ပေ x ၁၄ ပေ ကွန်ကရစ်တံတားတည်ဆောက်ခြင်း (ချဉ်းကပ်လမ်းနှင့် ကျောက်စီမြေထိန်းနံရံအပါ)လုပ်ငန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။