ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်၊ ယာယီညဈေးတန်းအနီး၌ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် သစ်ကိုင်းကျိုးကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်၊ ယာယီညဈေးတန်းအနီး၌ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် သစ်ကိုင်းကျိုးကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

Ministry of Home Affairs/ နေပြည်တော် / April 20, 2026

     ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်၊ ယာယီညဈေးတန်းအနီး၌ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လုံးပတ် တစ်ပေခွဲ၊ အမြင့် ၁၀ ပေခန့်ရှိ ညောင်ကိုင်းကျိုးကျနေကြောင်း သတင်းရရှိသဖြင့် နောင်ချိုမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၅  မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။