ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ ဘိန်းခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ ဘိန်းခင်းများ ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / December 04, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ ဘိန်းခင်း ၄၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီ ၄၀ မိနစ်မှ ညနေ ၄ နာရီ ၁၅ မိနစ်ထိ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ လိန်းညားကျေးရွာအုပ်စု၊ တောင်လေးကျေးရွာတောင်ဘက် သုံးမိုင်ခန့်အကွာ၌ စိုက်ပျိုးထားသည့် အမြင့် ၂ ပေခွဲခန့်ရှိ ဘိန်းခင်း ၄၅ ဧကခန့်အား ဖျက်ဆီးရှင်းလင်း ခဲ့ကြောင်း သတင်းရရှိပါသည်။
