ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း တရားမဝင်ဆင်းကတ်ရောင်းချမှုမရှိစေရေး ရှောင်တခင် စစ်ဆေးခဲ့
ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း တရားမဝင်ဆင်းကတ်ရောင်းချမှုမရှိစေရေး ရှောင်တခင် စစ်ဆေးခဲ့
Ministry of Home Affairs/ နေပြည်တော် / July 06, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် မွန်းလွဲ ၃ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ စာတိုက်၊ Mobile Phone ဆိုင်များ၊ ကုန်စုံဆိုင်များတွင် တရားမဝင်ဆင်းကတ်ရောင်းချမှု မရှိစေရေးအတွက် ခရိုင်တရားမဝင်ကုန်ပစ္စည်းများတားဆီးနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များမှ ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။