ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိ
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / January 20, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်က ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား၍ အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်-အင်တောကားလမ်းပေါ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ရပ်စောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်း ဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကနားကျေးရွာနေ သန်းထက်အောင်(၁၈)နှစ် မောင်းနှင်လာသည့် MDY-14/2R-XXXX DONGFENG ၂၂ ဘီး မော်တော်ယာဉ်သည် အထပ်သားများတင်ဆောင်ကာ အင်တောမြို့မှ ရပ်စောက်မြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်း နိုင်ဘဲ လမ်းယာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း သန်းထက်အောင်နှင့် အဆိုပါလမ်းဘေးတွင်ရှိနေသည့် ရပ်စောက်မြို့နယ်၊ ဆင်တောင်ကျေးရွာနေသူများဖြစ်ကြသည့် ဦးမျိုးမျိုးနိုင်(၃၆)နှစ်၊ ကိုစိုင်းခင်ဝေ(၂၄)နှစ်၊ တပ်ဦးကျေးရွာနေ ကိုကျော်လေး(၂၄)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး လမ်းဘေးတွင် ရပ်တန့်ထားသည့် ဆိုင်ကယ် ငါးစီးတို့ ထိခိုက်ပျက်စီးခဲ့သောကြောင့် သန်းထက်အောင် အား ရပ်စောက်မြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
