ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / December 20, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်း စုစုပေါင်း ၂၆၈ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက် နံနက် ၇ နာရီမှ ညနေ ၃ နာရီ ၃၀ မိနစ်ထိ လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအ ဖွဲ့က လွိုင်လင်မြို့နယ်၊ ဟွေတောက်ကျေးရွာအုပ်စု၊ တောင်ပါခါးကျေးရွာ၏အနောက်တောင်ဘက် ငါးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၇၃ ဧကခန့်အား လည်း ကောင်း။

     အလားတူ နံနက် ၇ နာရီ ၁၀ မိနစ်မှ ညနေ ၃ နာရီ ၃၀ မိနစ်ထိ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ဆဟောင်း ကျေးရွာအုပ်စု၊ ထီကတူကျေးရွာ၏အရှေ့တောင်ဘက် လေးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၅၀ ဧကခန့်နှင့် ထီကတူကျေးရွာ၏အရှေ့ဘက် သုံးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၃၅ ဧက ခန့်တို့အား လည်းကောင်း။

     အလားတူ နံနက် ၈ နာရီ ၄၅ မိနစ်မှ ညနေ ၄ နာရီ ၂၅ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့ နယ်၊ စံဖူးကျေးရွာအုပ်စု၊ လိုက်ကန်ကျေးရွာ၏အရှေ့မြောက်ဘက် ငါးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂၁ ဧကခန့်အား လည်းကောင်း။

     အလားတူ နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၁၅ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ လိန်းညားကျေးရွာအုပ်စု၊ တောင်လေးကျေးရွာ၏အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၄၀ ဧကခန့်နှင့် တောင်လေးကျေးရွာ၏အရှေ့ တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၃၅ ဧကခန့်တို့အား လည်းကောင်း။

     ထို့အတူ နံနက် ၉ နာရီ ၃၅ မိနစ်မှ ညနေ ၃ နာရီ ၄၅ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ထမ့်ယမ်းကျေးရွာ၏အရှေ့တောင်ဘက် ခုနစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၇ ဧကခန့်နှင့် ထမ့်ယမ်းကျေးရွာ၏တောင်ဘက် ခြောက်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းခင်း ၇ ဧကခန့်တို့အား လည်းကောင်း အသီးသီးဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။