ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ ဆီဘောက်ဆာမော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ ဆီဘောက်ဆာမော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / June 16, 2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ ဆီဘောက်ဆာမော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၅ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ ဆီဘောက်ဆာ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇွန် ၁၅ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၈၇ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား သီခေါင်တောင်အဆင်းလမ်းကွေ့၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အောင်ပန်းမြို့မှ ဟဲဟိုးမြို့သို့ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ မျိုးဇော်လင်းထွေး(၄၄)နှစ် မောင်းနှင်ပြီး ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့နေ ကျော်ကိုကို(၂၈)နှစ်တို့ လိုက်ပါလာသည့် YGN-21/ 1N-XXXX NISSAN UD QUESTER ၂၂ ဘီး အနီရောင် ဆီဘောက်ဆာမော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့သဖြင့် မျိုးဇော်လင်းထွေးနှင့် ကျော်ကိုကိုတို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မျိုးဇော်လင်းထွေး အား ဟဲဟိုးနယ်မြေရဲစခန်း ယာဉ်(ပ)၁၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

HOT NEWS
January 4,