ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တို့၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တို့၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Nay Pyi Taw / July 01, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တို့၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် တာချီလိတ်မြို့နယ်၊ စံပယ်ကျေးရွာ၊ ရွာလယ်လမ်းပေါ်အရောက်၌ အဆိုပါကျေးရွာနေ မြင့်ဆွေ(ခ)ပေါက်ကြီး(၆၀)နှစ်အား အရိုး/အသွား ၂၄ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မြင့်ဆွေ(ခ)ပေါက်ကြီး အား ဟောင်လိတ်နယ်မြေရဲစခန်း၌လည်းကောင်း။
အလားတူ ညနေ ၅ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၆၄ x ၁၁၇ လမ်းထောင့်အရောက်၌ အဆိုပါရပ်ကွက်နေ အောင်မင်းစိုး(၂၇)နှစ်အား အရိုး/အသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်မင်းစိုး အား အောင်ပင်လယ်နယ်မြေရဲစခန်း၌ လည်းကောင်း လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။