ဝါးခယ်မမြို့နယ်အတွင်းရှိ သမဝါယမအသင်းများက စိုက်ပျိုးထားသည့် ပဲတီစိမ်းများထွက်ရှိ
ဝါးခယ်မမြို့နယ်အတွင်းရှိ သမဝါယမအသင်းများက စိုက်ပျိုးထားသည့် ပဲတီစိမ်းများထွက်ရှိ
Ministry of Cooperatives and Rural Development/ Naypyitaw / February 23, 2023
ဝါးခယ်မ၊ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်း ကျေးရွာ ၃၉ ရွာရှိ သမဝါယမအသင်း ၅၆ သင်းမှ အသင်းသားဦးရေ ၁၈၇၉ စိုက်ပျိုးထားရှိသော ပဲတီစိမ်း စိုက်ဧက ၅၆၃၆ အတွက် ရွှေမြန်ပြည်အေးချမ်းပြည့်သမဝါယမအသင်းက တစ်ဧကလျှင် ၁၂၀၀၀၀ နှုန်းနှင့် ညီမျှသော ပိုးသတ် ဆေး၊ မှိုသတ်ဆေးနှင့် ရွက်ဖြန်းဆေးစသည့် သွင်းအားစု ၅၀၇၂၄ အား ပံ့ပိုးပေးခဲ့သည်။
ပဲတီစိမ်းများ ထွက်ရှိချိန်တွင် မြို့နယ်သမဝါယမအသင်းစုက တောင်သူများ ချေးယူထား သည့် သွင်းအားစုတန်ဖိုးနှင့်ညီမျှသည့် ပဲတီစိမ်း တင်းပေါင်း ၁၁၂၇၂ ကို ကာလပေါက်ဈေးဖြင့် ဝယ်ယူ၍ ပဲအဝယ်ဒိုင်ကြီးများသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။
