သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ Basic Networking Course သင်တန်းဖွင့်ပွဲအခမ်းအနား

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ Basic Networking Course သင်တန်းဖွင့်ပွဲအခမ်းအနား


Ministry of Transport and Communications/ Naypyitaw / January 25, 2022
image_latest


၂၀၂၂ ခုနှစ် ဇန်နဝါရီလ  (၂၄) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေး သင်တန်းကျောင်းတွင် အခြေခံကွန်ပျူတာ ကွန်ရက်နည်းပညာနှင့် ကွန်ရက် ချိတ်ဆက်ခြင်းကို နားလည်၍ လက်တွေ့လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သော Basic Networking Course သင်တန်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ  (၂၄) ရက်နေ့ နံနက်ပိုင်းတွင် e-Learning center (II)  ၌ သင်တန်း ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Basic Networking Course သင်တန်းသည် (၂၄-၁-၂၀၂၂) ရက်မှ (၄-၂-၂၀၂၂) ရက်အထိ (၁၀) ရက်ကြာ ဖွင့်လှစ်ပို့ချမည့်သင်တန်းဖြစ်ပြီး သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၂၄) ခုမှ သင်တန်းသား (၂၅) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ သင်တန်းနည်းပြများနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး  သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး က  အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

         သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

HOT NEWS
January 4,