သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခုတို့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအား ဆေးတက္ကသိုလ် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူသည့် ကြေညာချက်

သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခုတို့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအား ဆေးတက္ကသိုလ် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူသည့် ကြေညာချက်


Ministry of Information/ Naypyitaw / November 26, 2025
image_latest


၂၀၂၅-ပညာသင်နှစ် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များအတွက် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) တို့မှ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး အခြေခံပညာသင်တန်း (GRADE-10, GRADE-11, GRADE-12) များကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့သော ကျောင်းသား ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူထားပါကြောင်း၊ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

လျှောက်လွှာများကို ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ နောက်ဆုံးထား၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန Website www.moh.gov.mm နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website www.hrh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

HOT NEWS
January 4,