ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေးစီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေးစီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / April 10, 2024


နေပြည်တော် ဧပြီ ၉

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေးစီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း အမှုထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပူပြင်းခြောက်သွေ့သော နွေရာသီကာလကို ရောက်ရှိလာသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာပါက ချက်ချင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ဝန်ထမ်းအားလုံး သိရှိနားလည်ဆောင်ရွက်တတ်စေရန် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ရုံးအဆောက်အဦပရဝဏ်အတွင်းအပြင်၊ ရုံးပစ္စည်းကိရိယာ များနှင့် အရေးကြီးစာရွက်စာတမ်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မတော်တဆ မီးလောင် ကျွမ်းမှုများ ဖြစ်ပွားလာပါက ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ထမ်းများအားလုံး မီးဘေးလုံခြုံ ရေးစီမံချက်ပါ လုပ်ငန်းစဉ်များကို ကောင်းစွာသိရှိထားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သေချာလေ့လာသိရှိပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ကြရန်နှင့် ဝန်ထမ်းများအားလုံး မီးဘေးအသိ သတိရှိစွာ အထူးဂရုပြုနေထိုင်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးလောင်မှု အခြေခံသဘောတရားများ၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှောင်ကြဉ်ရမည့် အချက်များ၊ မီးငြှိမ်း သတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ မီးငြှိမ်းသတ်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးရုံး အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ဝန်ကြီးဌာန၏ မီးဘေးလုံခြုံရေးစီမံချက်ပါ သာမန်အချိန်၊ မီးလောင်မှုဖြစ်ပေါ်ချိန်နှင့် မီးလောင်ကျွမ်းပြီးချိန်တို့တွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် ကွပ်ကဲမှုအဖွဲ့၊ ကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့၊ မီးငြှိမ်းသတ်ရေးအဖွဲ့၊ သယ်ယူရွှေ့ပြောင်းရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ပို့ဆောင်ရေးအဖွဲ့ဟူ၍ အဖွဲ့ (၆) ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

သတင်းစဉ်

Source From: Myanmar Alin

HOT NEWS
January 4,