အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးစစ်ဆေးကုသစောင့်ရှောက် ပေးမှုများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးစစ်ဆေးကုသစောင့်ရှောက် ပေးမှုများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်


Ministry of Home Affairs/ နေပြည်တော် / June 06, 2026


     အကျဉ်းဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် ကျန်းမာရေး ဦးစီးဌာန၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်များရှိ ကျန်းမာရေးအဖွဲ့များနှင့်ပူး ပေါင်း၍ လစဉ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန် ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ လင်းအောင် ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦးတို့သည် ခန္တီးအကျဉ်းထောင်မှ အကျဉ်းသား ၄၀ ဦး၊ အကျဉ်းသူ ၂၄ ဦး၊ စုစုပေါင်း ၆၄ ဦးအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများအား လည်းကောင်း။ 

     အလားတူ ဇွန် ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း(ဗဟို-မန္တလေးရုံးခွဲ) မှ ဒေါက်တာ အောင်ကျော်စိုး ဦးဆောင်သော အဖွဲ့ဝင် ၈ ဦးတို့သည် မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းသား ၁၅၂ ဦး၊ အချုပ်သား ၄၇ ဦး၊ စုစုပေါင်း ၁၉၉ ဦးတို့အား တီဘီရောဂါ စစ်ဆေး၊ ကုသမှုများအား လည်း ကောင်း အသီးသီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။