အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် HEV/ EV ကားများဆိုင်ရာ အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် HEV/ EV ကားများဆိုင်ရာ အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်


Ministry of Labour/ ရုံးအမှတ် (၅၁) ၊နေပြည်တော် / April 02, 2024


နေပြည်တော်                                                                                               ဧပြီ  ၂

          HEV/ EV ကားများနှင့်ပတ်သက်သည့် အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံ ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့၊ အစည်းအဝေးခန်းမ၊ ဇဝနသိဒ္ဓိ ရပ်ကွက်၊ ချင်းရွာအနီး၊ သီရိရတနာလမ်းနှင့် နေကြာ (၈) လမ်းထောင့်၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ သတ္ထုနှင့်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ် အကိုင် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီဥက္ကဌ၊ စံကော်မတီဝင်များ၊ ကျွမ်းကျင်မှုစံ ရေးဆွဲ ကြမည့် Technical Working Group (TWG) အဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ NSSA မှ အဖွဲ့ဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိ သူများ အပါအဝင် စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြော ကြားရာ နိုင်ငံတော်၏ မူဝါဒများတွင် တစ်ခုအပါအဝင်ဖြစ်သော EV ကားများနှင့်ပတ်သက်၍ လုပ်သားဈေးကွက်နှင့်ကိုက်ညီသော အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုစံများရေးဆွဲသတ်မှတ်နိုင်ရေး အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊

အလုပ်အကိုင်တစ်ခုအတွက် ကျွမ်းကျင်မှုစံများရေးဆွဲရာတွင် ဝန်ကြီးဌာနတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်၍ မဖြစ်နိုင်သဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ဆက်စပ် ကော်မတီများ၊ ကျွမ်းကျင်မှုစံရေးဆွဲကြမည့် ကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြား၍ ညှိနှိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း၊

အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် ဆောင်ရွက်လျက်ရှိသည့် NSSA လုပ်ငန်း စဉ်များကို တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်၍မရသဖြင့် လုပ်ငန်း ကဏ္ဍမျိုးစုံအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အလုပ်ရှင်/ အလုပ်သမားအဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ NSSA အ‌နေဖြင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံရေးဆွဲရန် (၂၇၆) မျိုး စာရင်းရရှိထားပြီး ကျွမ်းကျင်မှုစံ (၉၂) မျိုးကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း၊

EV ကားများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက်၊ ကော်မတီအလိုက် ဆောင်ရွက်ထား ရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးပေးရန်နှင့် ကျွမ်းကျင်မှုစံ ရေးဆွဲကြမည့် ကျွမ်းကျင်ပညာရှင်များအနေဖြင့် EV ကားများနှင့်ပတ်သက်၍ လုပ်သားဈေးကွက် နှင့်ကိုက်ညီသော အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံများကို ခေတ်နဲ့အညီ ရေးဆွဲအတည်ပြု သတ်မှတ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးရန် ဖိတ်ခေါ်ပါကြောင်း မှာကြားပါသည်။

အစည်းအဝေးတွင် EV ကားများနှင့်ပတ်သက်၍ ကျွမ်းကျင်မှုစံရေးဆွဲမည့် အလုပ်အကိုင်အမည် များ အတည်ပြုသတ်မှတ်ခြင်း၊ ကျွမ်းကျင်မှုစံရေးဆွဲမည့် Timeline သတ်မှတ်ခြင်း၊ Technical Working Group မှ ကျွမ်းကျင်မှုစံမူကြမ်းရေးဆွဲမှု အခြေအနေကို ပြန်လည်သုံးသပ်နိုင်ရေး ပုံမှန်လစဉ် အစည်းအဝေးကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရရှိသည်။

 

HOT NEWS
January 4,