အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်းကို ရန်ကုန်တိုင်းဒေသကြီ၊ ညွှန်ကြားရေးမှူးရုံးတွင်ဖွင့်လှစ်
အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်းကို ရန်ကုန်တိုင်းဒေသကြီ၊ ညွှန်ကြားရေးမှူးရုံးတွင်ဖွင့်လှစ်
Ministry of Ethnic Affairs/ ရန်ကုန် / September 14, 2022

စက်တင်ဘာ (၁၃)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော “အသုံးချကွန်ပျူတာ ဆရာဖြစ် သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၃-၉-၂၀၂၂) ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးမှ အဖွင့်အမှာစကားပြောကြားပြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှ နှုတ်ခွန်းဆက်စကားပြောကြား၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် သင်တန်းခန်းမအတွင်း သင်တန်းသား/ သင်တန်းသူများ သင်ယူနေမှုအား လှည့်လှည်ကြည့်ရှုခဲ့ကြပါသည်။
“အသုံးချကွန်ပျူတာ ဆရာဖြစ်သင်တန်း” ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့အထိဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ(၂၀)ဦး တို့မှ တက်ရောက်သင်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။