အောင်လံမြို့နယ် ပွဲသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ၄၅၈သိန်းထုတ်ချေး

အောင်လံမြို့နယ် ပွဲသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ၄၅၈သိန်းထုတ်ချေး


Ministry of Cooperatives and Rural Development/ Naypyitaw / December 23, 2023
image_latest


အောင်လံ ဒီဇင်ဘာလ၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွဲသာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရွာလယ်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နန္ဒာအိက အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက မြစိမ်းရောင်ကျေးရွာစီမံကိန်းလက်စွဲစာအုပ်ပါ လမ်းညွှန်ချက် များ၊ စီမံကိန်းဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့်အကျိုး ကျေးဇူးများ၊ အတိုးအရင်းများသတ်မှတ်ရက်အတွင်း အချိန်မီ ပေးသွင်းနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ ကျေးရွာနေပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓါတ်နှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် ၄၅၈သိန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ပွဲသာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၄၈ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၅ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ခြောက်ဦးစုစုပေါင်း ၁၂၉ဦးတို့ကို ငွေကျပ် ၄၅၈သိန်းကို  အသင်းသူ၊အသင်းသားများထံထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နန္ဒာအိ၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၊ ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ၊ အသင်းသူ/အသင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

HOT NEWS
January 4,