ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / May 06, 2025


ပုသိမ်           မေ       ၅

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးချုပ်၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာကြသော ဧည့်သည်တော်များသည် မန္တလေးငလျင်ကြီးကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ်ငြိမ်သက်၍ ဦးညွှတ်ဂါရဝပြုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ယနေ့သည် တိုင်းရင်းသားမိဘပြည်သူများ၏ အသက် အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်အမျိုးမျိုးမှ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ်အစဉ်အလာကြီးမားစွာ ရပ်တည် လာခဲ့ သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုများနှင့်အညီ ရည်မှန်းချက်တာဝန်ကြီး (၄)ရပ်ကိုချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မီးသတ်လုပ်ငန်းတာဝန်သည် အချိန်နှင့် တစ်ပြေးညီအရေးပေါ်တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရသည့် သဘောရှိ၍ သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်အလိုက် အသင့်ပြင်ဆင် စုဖွဲ့လေ့ကျင့်မှု၊ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်မှုစသည့် လုပ်ငန်းဆိုင်ရာတွေကို မဟာဗျူဟာကျကျ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မီးဘေးလုံခြုံရေးလုပ်ငန်းသည် ပြီးပြည့်စုံသည်ဟုမရှိဘဲ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ ပိုမိုခိုင်မာအားကောင်းနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် အချက်များကို နားလည်သဘောပေါက်အောင် အသိပညာပေးစည်းရုံးဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတပ်ဖွဲ့၏ ရပ်တည်ချက်များ၊ ရည်မှန်းချက်တာဝန်များနှင့် ဥပဒေပါ ပြဌာန်းချက်များကို ကောင်းမွန်စွာ သိရှိနားလည်ပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့လည်း အထူးလိုအပ်ပါကြောင်း၊ ခေတ်အဆက်ဆက်တွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် အသက်ကို ပဓာနမထားပဲ စွန့်လွှတ်စွန့်စားမှုများဖြင့် အကျိုးပြုနေသည်မှာ လေးစားဂုဏ်ယူဖွယ်ရာ ဖြစ်ပါကြောင်း၊ ပေးအပ်သည့်တာဝန်များကိုကျေပွန်စွာထမ်းဆောင်ပြီးနိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးအတွက် စွန့်လွှတ်မှုပေါင်းများစွာဖြင့် ဆောင်ရွက်ခဲ့ကြသည့် သန္ဓေ၊ အရန်နဲ့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း တန်ဖိုးထားချီးကျူး ဂုဏ်ပြုပါကြောင်း၊ ဖြစ်ပေါ် ပြောင်းလဲလာသည့် ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရန် နိုင်ငံတကာ မီးသတ်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းနိုင်ရန် အနာဂတ်ကာလကို မျှော်မှန်း၍ အသွင်သဏ္ဍာန်နှင့် အနှစ်သာရပိုင်းပါ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို Men Power, Equipment Power, Technology Power များဖြင့် ဟန်ချက်ညီအောင် တည်ဆောက်လျက်ရှိပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့်  ခေတ်စနစ်နှင့်အညီ မီးငြိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ကြိုးပမ်းလေ့လာ ဆောင်ရွက်ထားကြရန် လိုအပ်သကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုအသစ်များကို တစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားအောင် ကြိုးပမ်းနေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်သည်ဟု ခံယူထားကြရန်လိုပါကြောင်း”အမှာစကားပြောကြားပြီး (၇၉)နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clik ပြသမှုကိုကြည့်ရှု အားပေး ခဲ့သည်။

ထို့နောက် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များကိုယ်စား မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ ၂၀၂၄ ခုနှစ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အကောင်းဆုံး ဆောင်ရွက် နိုင်ခဲ့သည့် ဇလွန်မြို့နယ်အား ဂုဏ်ပြုမှတ်တမ်းလွှာကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးချုပ်ကလည်းကောင်း၊  ဗဟိုအဆင့် စံပြမီးသတ်စခန်း(တတိယဆု) ရရှိသည့် မအူပင်မြို့နယ်၊ မီးသတ်စခန်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခင်းကျင်း ပြသထားသည့် ခေတ်မီ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာ များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်။

HOT NEWS
January 4,