ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / January 05, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၄ ရက် နံနက် ၈ နာရီ ၅၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရှမ်းစုကျေးရွာအနီး ပုသိမ်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် ၃၈ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ချောင်းကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ သောင်တန်းကျေးရွာနေ ဦးသန်းဇော်(၅၃)နှစ်သည် ဗိုလ်မြတ်ထွန်း တံတားမှ ဆိုင်ကယ်အား တစ်ဦးတည်းမောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ယာဘက် လမ်းဘေးတွင် ရပ်ထားသည့် ဝါးခယ်မမြို့နယ်၊ ပတ္တမြားရပ်ကွက်နေ ဦးပျိုလု(ခ)ဦးမောင်လွင်(၄၀)နှစ်၏ SGG-28/8A-XXXX FUSO မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်မိခဲ့သဖြင့် သန်းဇော်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် သန်းဇော် အား ချောင်းကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
