ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ တောင်သူလယ်သမားနေ့ ကျင်းပမည့်နေရာအား ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ တောင်သူလယ်သမားနေ့ ကျင်းပမည့်နေရာအား ကွင်းဆင်းစစ်ဆေး
Ministry of Home Affairs/ နေပြည်တော် / February 19, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ တောင်သူလယ်သမားနေ့ ကျင်းပမည့်နေရာအား ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းအဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
