ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ RCC (၃)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ RCC (၃)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Ministry of Home Affairs/ နေပြည်တော် / March 12, 2026

     ၂၀၂၆ ခုနှစ်၊ မတ် ၁၁ ရက် နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ၁၄၀ x ၃၀ ပေ၊ RCC (၃)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။