ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၄)ရပ်ကွက်၌ လက်ဖက်ရည်ဆိုင် မီးလောင်မှု

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၄)ရပ်ကွက်၌ လက်ဖက်ရည်ဆိုင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / May 08, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၇ ရက် နံနက် ၁ နာရီ ၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၄)ရပ်ကွက်၌ ပိုင်ရှင် ဦးတင်ထွေး(၅၅)နှစ်၏ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း တစ်ထပ် လက်ဖက်ရည်ဆိုင်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ထရံကာသို့  မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေကြည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း တစ်ထပ် ဆိုင်ခန်း နှစ်ခန်း၊ ၂၀ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း တစ်ထပ် ဆိုင်ခန်း တစ်ခန်း စုစုပေါင်း ဆိုင်ခန်း သုံးခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဦးတင်ထွေး အား အသုတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။