၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သံတမန် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သံတမန် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ


Ministry of Information/ Naypyitaw / January 06, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၅

၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သံတမန်ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရေပြာဂေါက်ကွင်း၌ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့အခြေစိုက် ပြည်ပသံရုံးများမှ သံတမန်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သံတမန်ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြီး ပါဝင်ဆင်နွှဲခဲ့ကြသည့် ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ သံတမန်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။                  

သတင်းစဉ်

HOT NEWS
January 4,