၂၉-၉-၂၀၂၃ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၄/၂၀၂၃) ကျင်းပခြင်း
၂၉-၉-၂၀၂၃ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၄/၂၀၂၃) ကျင်းပခြင်း
Office of the Auditor General of the Union/ NPT / October 03, 2023
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၄/၂၀၂၃) အခမ်းအနားကို အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကြီးမှူး၍ ၂၉ - ၉ - ၂၀၂၃ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။
နံနက်ပိုင်းတွင် စစ်ဆေးရေးဦးစီးဌာနဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စီမံရေးရာဦးစီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့တို့မှ ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း ကျင်းပခဲ့ရာ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက မိမိတို့လိုအပ်ချက်များကို အစီအစဉ်အတိုင်း အသီးသီး ဆန္ဒထုတ်ဖော်တင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာရုံး၊ ဌာနများအလိုက် အသီးသီး ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ အလေးထားမှတ်သားထားပါကြောင်း၊ ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် ဦးစားပေးရမည့်ကိစ္စရပ်များအပေါ်မူတည်၍ ဖြစ်နိုင်သမျှ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် သတင်း အချက်အလက်များ လုံခြုံမှုရှိစေရေးကို အလေးဂရုပြု၍ လုပ်ငန်းတာဝန်များကို စည်းလုံးညီညွတ်စွာ ထမ်းဆောင်ကြခြင်းဖြင့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးသွားကြစေလိုပါကြောင်း ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။