၂-၁၀-၂၀၂၃ ရက်နေ့တွင် ဦးစီးအရာရှိ၊ စာရင်းစစ်မှူး၊ ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃ ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

၂-၁၀-၂၀၂၃ ရက်နေ့တွင် ဦးစီးအရာရှိ၊ စာရင်းစစ်မှူး၊ ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃ ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / October 03, 2023


ဦးစီးအရာရှိ၊ စာရင်းစစ်မှူး၊ ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်း အနားကို ၂-၁၀-၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မဟာဗျူဟာ ရည်မှန်းချက်များဖြစ်သော စစ်ဆေးရေးလုပ်ငန်းအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုအားကောင်းခိုင်မာစေရေး ရည်မှန်းချက်များနှင့်အညီ စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းတွင် စာရင်းစစ်ဝန်ထမ်းများအနေဖြင့် သိသင့်သိထိုက်သော စစ်ဆေးခြင်းအမျိုးအစားအလိုက် လိုက်နာကျင့်သုံးရမည့်စံများနှင့်အသုံးပြုပုံစံများကို အခြေခံသည့်ဘာသာရပ်များအပြင်‌ ဌာနတွင်းစစ်ဆေးခြင်း၊ ခေါင်းဆောင်မှု၊ လိုက်ပါဆောင်ရွက်မှုနှင့် သတင်းအချက်အလက်လုံခြုံမှုဆိုင်ရာ ဘာသာရပ်များကိုလည်း ထည့်သွင်း၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ရာ အလေးထားလေ့လာမှတ်သားကြစေလိုပါကြောင်း၊ ဦးစီးအရာရှိ၊ စာရင်းစစ်မှူး၊ ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများသည် စစ်ဆေးရေးလုပ်ငန်းတွင် အဓိကပါဝင်ဆောင်ရွက်ကြရသူများဖြစ်၍ လုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးများ ပြည့်ဝနေစေရန်အတွက် သင်တန်းမှပို့ချမှုများအပြင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် စာရင်းစစ်ဆေးခြင်းနှင့် နည်းပညာဆိုင်ရာ ပညာရပ်များလည်း ကိုယ်တိုင်ဆက်လက်လေ့လာဆည်းပူးနေကြရမည်ဖြစ်ပါကြောင်း။

စာရင်းစစ်ဝန်ထမ်းများသည် ပြည်သူ့ဘဏ္ဍာလေလွင့်ဆုံးရှုံးမှုမရှိစေရေး စစ်ဆေးထိန်းကျောင်းပေးကြရသူများဖြစ်သဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျင့်ဝတ်သိက္ခာများအညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ တန်ဖိုးထားထမ်းဆောင်ကြခြင်းဖြင့် ရုံး၏အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်သည့် အရည်အချင်းပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော် တာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများမှ သင်တန်းသားများကို စာသင်ခန်းရောက် (Face to Face) ဖြင့် (၇၀) ဦး Online ဖြင့် (၁၄) ဦး စုစုပေါင်းသင်တန်းသား (၈၄) ဦးကို ၂-၂၀-၂၀-၂၃ ရက်နေ့မှ ၂၅-၁၀-၂၀၂၃ ရက်နေ့အထိ ရက်သတ္တပတ် (၃) ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းသား (၁၄) ဦးတို့က Online ဖြင့် တက်ရောက်ခဲ့ကြသည်။

HOT NEWS
January 4,