“ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ် မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်

“ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ် မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်


Ministry of Information/ Naypyitaw / May 08, 2026
image_latest


နေပြည်တော် မေ ၇

“ချစ်စရာ့အရွယ် ကစားကြမယ် ကလေးအစီအစဉ်ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသလျက်ရှိရာ မေ ၉ ရက် (စနေနေ့) နံနက် ၁၁ နာရီတွင် MRTV-HD Channel မှ ရန်ကုန်မြို့ အမှတ်(၂) လှိုင် မူလတန်းကြိုကျောင်းနှင့် အမှတ်(၂) ရွှေပြည်သာ မူလတန်းကြိုကျောင်းတို့မှ ကလေးငယ်များ ပါဝင်ကစားကြပုံများကို ထုတ်လွှင့်ပြသမည်ဖြစ်ရာ MRTV App မှလည်း Streaming ထုတ်လွှင့်မည်ဖြစ်၍ တစ်ချိန်တည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို ကလေးများ ကိုယ်ခန္ဓာသန်စွမ်းပြီး စိတ်ရွှင်လန်းစေရန်၊ ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးငယ်များအချင်းချင်း၊ ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတတ်စေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ စီစဉ်တင်ဆက်ခြင်းဖြစ်သည်။

ယင်းအစီအစဉ်ကို MRTV Entertainment Channel တွင် မေ ၁၀ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲတွင် ပြသမည်ဖြစ်ပြီး MRTV - HD Channel တွင် မေ ၁၁ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ သတင်းအပြီးတွင် ထပ်မံပြသမည်ဖြစ်သည့်အပြင် MRTV App ၏ Youth Sector နှင့် MRTV Telegram တို့တွင်လည်း လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်