(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / March 05, 2026
image_latest


နေပြည်တော် မတ် ၄

(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၊ တပ်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် တာဝန်ရှိသူများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာတပ်မတော်နှင့် အရပ်ဘက်မှဆေးပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ စစ်ရေးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးတို့က (၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် စစ်ရေးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ယင်းနောက် ဧည့်ခံတေး သီချင်းများနှင့် သီဆိုဖျော်ဖြေတင်ဆက်ခြင်းတို့အား ကြည့်ရှုအားပေးပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်ရေးချုပ်တို့ထံ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးက (၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အမှတ်တရ လက်ဆောင်အား ပေးအပ်သည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်ရေးချုပ်တို့က တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး တက်ရောက်လာကြသူများ နှင့်အတူ (၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ သုတေသန ပိုစတာများနှင့် ဆေးပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,