(၄၉) ကြိမ်မြောက် အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများ အမည်စာရင်းကြေငြာခြင်း

(၄၉) ကြိမ်မြောက် အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများ အမည်စာရင်းကြေငြာခြင်း


Ministry of Transport and Communications/ NayPyiTaw / September 24, 2020


အောက်တိုဘာလ (၉)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ ( World Post Day ) အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ လူငယ်များ ပေးစာ ရေးပြိုင်ပွဲကို UNESCO နှင့်  UPU တို့ ပူးပေါင်း ၍ နှစ်စဉ်ကျင်းပပေးလျက်ရှိရာ  ၂၀၂၀ ပြည့်နှစ်အတွက် အသက်( ၁၅ )နှစ်နှင့်အောက် နိုင်ငံတကာ လူငယ်များ ပေးစာရေးပြိုင်ပွဲအား “Write  a message to an adult about the world we live in” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံမှလည်း ပြည်တွင်းအဆင့် အသက် (၁၅)နှစ်နှင့်အောက် နိုင်ငံတကာ လူငယ်များပေးစာရေးပြိုင်ပွဲကို (၄၉) ကြိမ်မြောက်အဖြစ်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  တိုင်းဒေသကြီး / ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် ( ၁၆ - ၁ - ၂၀၂၀ ) ရက်နေ့တွင် တပြိုင်နက်ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲသို့ ကျောင်းသား/သူ စုစုပေါင်း (၁၄၇၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ကချင်ပြည်နယ်၊ အ-ထ-က(၁) တနိုင်းမြို့၊ အဌမတန်းမှ မောင်ကောင်းထက်သော် ကလည်းကောင်း၊ ဒုတိယဆုကို ပဲခူးတိုင်းဒေသကြီး အ-ထ-က(၂) ညောင်လေးပင်မြို့၊ အဌမတန်းမှ မောင်ဉာဏ်လင်း ထက် တို့ကလည်းကောင်း အသီးသီးဆွတ်ခူး ရရှိကြောင်းနှင့် ပြည်တွင်းအဆင့် ပထမဆုရစာမူကို ကမ္ဘာ့စာပို့တိုက်သမဂ္ဂ သို့ပေးပို့၍ နိုင်ငံတကာ အဆင့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း ကြေငြာအပ်ပါသည်။

HOT NEWS
January 4,