(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း 

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း 


Ministry of Home Affairs/ နေပြည်တော် / May 03, 2024


     ၂၀၂၄ ခုနှစ်၊ မေ ၅ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာတိုင်း‌ဒေသကြီး/ပြည်နယ်များအလိုက် မိမိတို့ဒေသရှိ သာသနိကအဆောက်အအုံများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ သွေးလှူဘဏ်များ/ဆေးရုံကြီးများရှိ သွေးဌာနများတွင် စုပေါင်းသွေးလှူဒါန်းခြင်းစသော ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အသီးသီးပြုလုပ်ဆောင်ရွက်ခြင်းများကို နှစ်စဉ် အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြပါသည်။

     ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ မေ ၁ ရက်၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတို့မှ သွေးလှူအင်အား ၁၁၃ ဦးနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း အင်အား ၅၅၀ ဦးတို့ဖြင့် ပြုလုပ်ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့များ၊ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိများ၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးနှင့် ခရိုင်မီးသတ်ဦးစီးမှူးများက တက်ရောက်ချီးမြှင့်ခဲ့ပြီး၊ သွေးလှူဒါန်းသည့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အားဖြည့်အစာအဟာရများဖြင့် ထောက်ပံ့ပေးအပ်ခြင်း၊ ဆေးရုံဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

HOT NEWS
January 4,