(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ် နောင်ငင်း-ဝမ်ဆိုင်း(လွယ်) ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ် နောင်ငင်း-ဝမ်ဆိုင်း(လွယ်) ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်


Ministry of Cooperatives and Rural Development/ Naypyitaw / March 29, 2024
image_latest


နေပြည်တော် မတ် ၂၆

     (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် နောင်ငင်း-ဝမ်ဆိုင်း(လွယ်)‌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါလမ်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊ ဒေသခံ တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

       ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ . ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ကွန်ကရစ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက နောင်ငင်း- ဝမ်ဆိုင်း (လွယ်) ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အရှည် ၈ မိုင်၊ ၃ ဖာလုံ၊အကျယ် ၁၂ ပေနှင့် ထု ၇ လက်မရှိသော ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လမ်းဖောက်လုပ်ထားရှိမှု အခြေအနေ များကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,