မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်မှု

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်မှု

Ministry of Home Affairs/ နေပြည်တော် / November 19, 2018
 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်မှု

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်မှု

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ၁၀၂၀ အချိန်မှ ၁၁၅၀ အချိန်ထိ မောင်တောမြို့နယ်၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ တောင်ပြို(ယာ)နယ်မြေရဲစခန်းမှ ရဲအုပ် သိန်းထွန်းမြင့် ဦးစီးအဖွဲ့၊ စကားပြန် ၁ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) နယ်ခြားစောင့်တပ် Tuingajhira ကင်းစခန်းမှ Naib Subedar Md.Sultal Ahmed ဦးစီးအဖွဲ့၊ စကားပြန်/ လမ်းပြ ၁ ဦးတို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၃၈)မှ (၃၉)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့ ၁၁၁၀ အချိန်မှ ၁၁၃၀ အချိန်ထိ မောင်တောမြို့နယ်၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ဗန္ဓုလကင်းစခန်းမှ ဒုရဲမှူး မြင့်မောင် ဦးစီးအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၁၁)နယ်ခြားစောင့်တပ် Lembuchari ကင်းစခန်းမှ Subedar Md. Habibur Raham ဦးစီးအဖွဲ့၊ စကားပြန်/လမ်းပြ ၃ ဦးသည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၄၉)မှ (၅၀)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။