မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနအရှေ့ရပ်ကွက်တွင် မီးလောင်မှုသတင်း

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနအရှေ့ရပ်ကွက်တွင် မီးလောင်မှုသတင်း


Ministry of Home Affairs/ နေပြည်တော် / November 30, 2018
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနအရှေ့ရပ်ကွက်တွင် မီးလောင်မှု


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနအရှေ့ရပ်ကွက်တွင် မီးလောင်မှုသတင်း

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ၁၆ ၅၅ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနအရှေ့ရပ်ကွက်၊ အကွက်အမှတ်(၂၉)၊  (၈x၉)လမ်းကြားနှင့် (၈၁x၁၆) လမ်းကြား ပိုင်ရှင် ဒေါ်မြမြ၏ (၃၀x၃၀)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်တွင် ဝရိန်ဆော်သည့် ဂက်(စ်)အိုး ယိုစိမ့်ပြီး အနီးပတ်ဝန်းကျင်ရှိ ပန်းတိမ်ဖိုမှတစ်ဆင့် Spark ဖြစ်ပွားပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားကြောင်း  သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီး မီးသတ် စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၅၀)စီး၊ မီးသတ်ရေသယ်ယာဉ် (၂၀)စီး၊ အုပ်ချုပ်မှုယာဉ် (၄)စီး၊ သန္ဓေ(၅၀)ဦး၊  အရန်(၁၅၀) ဦးတို့မှ သွားရောက်မီးငြိမ်းသတ်ခဲ့ပါသည်။ မီးလောင်မှုကြောင့် (၃၀x၃၀)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး၊ (၂၀x၃၀)ပေ RC (၂)ထပ်‌နေအိမ်(၁)လုံး၊ (၂၀x၂၀)ပေ သွပ်မိုး၊ ပျဉ်ထောင် (၂)ထပ် နေအိမ်(၁)လုံး၊ (၂၀x၂၀)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ် (၁)လုံး၊ (၁၈x၂၄)ပေ သွပ်မိုး၊ထရံကာ၊ပျဉ်ခင်း (၂) ထပ်နေအိမ် (၁)လုံး၊(၁၈x၁၈)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်(၂)လုံး၊ (၁၆x၂၄)ပေ သွပ်မိုး၊ထရံကာ၊ ပျဉ်ခင်း (၂)ထပ်နေ အိမ်(၁)လုံး၊ (၁၀x၂၀)ပေ သွပ်မိုး၊ထရံကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်(၁)လုံး၊ စုစုပေါင်း နေအိမ်(၉)လုံး မီးလောင် ခံရပြီး ပိုင်ရှင် ဒေါ်မြမြအား အောင်မြေသာစံမြို့နယ်၊ အမှတ် (၄)ရဲစခန်းမှ (ပ) ၅၂၂/ ၂၀၁၈၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,