ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့လုပ်ငန်းညှိနှိုင်းစည်းဝေး

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့လုပ်ငန်းညှိနှိုင်းစည်းဝေး


Ministry of Information/ ​နေပြည်တော် / July 21, 2019
image_latest


ရန်ကုန် ဇူလိုင် ၂၁

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body - BGB) လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၁၉) ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက်  အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ  အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရုပ်မြင် သံကြားနှင့် အသံလွှင့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စက်မှုဌာနခွဲနှင့် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲမှ တာဝန် ရှိသူ များက ယခင်ပြုလုပ်ခဲ့သည့် BGB အစည်းအဝေး အမှတ်စဉ် (၃/၂၀၁၉) ၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက် ပြီးစီးမှုကို ဖတ် ကြား တင်ပြပြီး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် FM ပုဂံ၊ ပတ္တမြား FM၊  ချယ်ရီ FM၊ ရွှေ FM၊ Forever Group Co., Ltd (မန္တလေး FM ၊ ပဥ္စဝတီ FM)၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်၊ Family Entertainment Group ၊ Mizzima Media Company Limited ၊ DVD Multimedia Group Company Limited ၊  Fortune Broadcasting Company Limited ၊ KMA TeleMedia Holding  Company Limited နှင့် My Multi Media  Group Company Limited တို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက် အခဲများကို  ဆွေးနွေးတင်ပြကြရာ  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,