မဏ္ဍိုင် (၄)ရပ် တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင် ပြောကြား

မဏ္ဍိုင် (၄)ရပ် တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင် ပြောကြား


Ministry of Information/ ​ရန်ကုန် / July 22, 2019
image_latest


 
ရန်ကုန် ဇူလိုင် ၂၁
 
မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် မန္တလေး၊ မြစ်ကြီးနား၊ လွိုင်ကော်မြို့နှင့် တနင်္သာရီ၊ ထားဝယ်မြို့များကျန်ရှိ နေသေးကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်နှင့် ၎င်း၏ နေအိမ် တွင် မီဒီယာများက သွားရောက် ဂါရ၀ပြုတွေ့ဆုံစဉ် ပြောကြားလိုက် သည်။
 
▄ တွေ့ဆုံပွဲ ၁၃ ကြိမ်လုပ်ပြီး ▄
 
မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေး ပွဲများကို နေပြည်တော်နှင့် တိုင်းဒေသ ကြီး/ပြည်နယ်အသီးသီးတို့တွင် ပြုလုပ် လျက်ရှိရာ နေပြည်တော်တွင် သုံးကြိမ်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များတွင် ၁၀ ကြိမ် စုစုပေါင်း ၁၃ ကြိမ် ပြုလုပ် ပေးနိုင်ခဲ့ပြီး မန္တလေး၊ မြစ်ကြီးနား၊ လွိုင်ကော်၊ တနင်္သာရီနဲ့ ထားဝယ်တို့ ကျန်ရှိနေသေးတယ်။ NLD အစိုးရ တက်လာပြီးနောက်ပိုင်း ဒီနေ့ ကာလအထိ စုစုပေါင်း ၁၃ ကြိမ်လုပ်ပြီးပြီ။ လေးနေရာလောက် ကျန်သေးတယ်။ မန္တလေး တိုင်းဒေ သကြီး ကျန် တယ်။ မန္တလေးမှာ လာမယ့် ဩဂုတ်လထဲမှာ လုပ်မယ်။ ပြီးရင် ကချင်ပြည်နယ် မြစ်ကြီးနားမှာလုပ်မယ်။ အဲဒီမှာ ဆိုရင် တော့ တိုင်းရင်းသားပေါင်းစုံ ကွန်ဖရင့် လည်းလုပ်မယ်။ နောက်ပြီး ကယားဆိုရင် လွိုင်ကော်၊ တနင်္သာရီ တိုင်းဒေသကြီး ဆိုရင် ထားဝယ်မှာလုပ်မယ်။ ဒါဆိုရင် ပြည့်စုံပြီ ဟု မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်)က ဇူလိုင် ္၂၀ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြား သည်။
 
▄ ရန်ကုန်မြို့ ၌ တွေ့ဆုံပြီး ▄
 
၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စု အဆင့် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲကို နေပြည်တော် ပြန်ကြားရေးဝန်ကြီး ဌာနရုံးတွင် လည်းကောင်း၊ ၂၀၁၇ ခုနှစ် တွင် စစ်တွေ၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ်နှင့် မကွေးမြို့များတွင် လည်းကောင်း၊ ၂၀၁၈ ခုနှစ် တွင် တောင်ကြီး၊ နေပြည်တော်၊ မုံရွာ၊ ဘားအံမြို့များတွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ချင်းပြည်နယ် ဟားခါး မြို့နှင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် မြို့တို့၌ လည်းကောင်း တွေ့ဆုံပြီး ဖြစ်သည်။မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲ လုပ်တာ အဲဒီမှာ သတင်းထောက်တွေကို တက်ခိုင်းတယ်။ အပြန်အလှန်ဆွေးနွေး ကြတယ်။ အလုပ်ရုံဆွေးနွေးပွဲပေါ့။ အဲဒီ ကနေ ရလဒ်တွေ ထွက်တယ်။ အဲဒီ ရလဒ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းကော်မတီ တစ်ရပ် ဖွဲ့စည်းဆောင် ရွက်တယ်။ ဧပြီ ၃၀ ရက်က နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန ရုံးမှာလုပ်တဲ့ ဆွေးနွေးပွဲမှာ ဆိုရင် မီဒီယာ ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး အတွက် ရလဒ် ၁၃ ချက် ထွက်ပေါ် ထားပါတယ်။ အဲဒါတွေလည်း အကောင် အထည် ဖော်နေပါတယ်" ဟု ၎င်း၏ နေအိမ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
 
မျိုးမင်းသိန်း(မရမ်းကုန်း)
 

HOT NEWS
January 4,