ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့်ပိတ်မိနေသည့် နိုင်ငံခြားသားများအား တပ်မတော်မှ ကူညီပို့ဆောင်

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့်ပိတ်မိနေသည့် နိုင်ငံခြားသားများအား တပ်မတော်မှ ကူညီပို့ဆောင်

Ministry of Information/ ​နေပြည်တော် / August 22, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၂

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့တွင် ပိတ်မိနေသည့် Go and Love Foundation မှ Mrs. Chou Wei Kuo ဦးစီး ၂၈ ဦးကို ယနေ့တွင် တပ်မတော်ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာနိုင်ငံ၏ ပညာရည်မြှင့်တင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ရောက်ရှိနေသည့် Go and Love Foundation မှ Mrs. Chou Wei Kuo ဦးစီး ၂၈ ဦးသည် ကွတ်ခိုင်မြို့ရှိ အခြေခံပညာကျောင်း၌ ဩဂုတ် ၃ ရက်မှ စ၍ ပညာရည်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များ၏ မြို့၊ ရွာများအား တိုက်ခိုက်မှု၊ လမ်း၊ တံတားများ မိုင်းခွဲဖျက်ဆီးမှုကြောင့် ကွတ်ခိုင်မြို့ရှိ K.K Guest House ၌ ဩဂုတ် ၁၅ ရက်မှစ၍ ပိတ်မိ နေခဲ့ကြောင်း။

 

အဆိုပါနိုင်ငံခြားသားများအား ယနေ့နံနက် ၁၀ နာရီခွဲတွင် တပ်မတော်(လေ)မှ ရဟတ်ယာဉ်ဖြင့် ကွတ်ခိုင်မြို့မှ လားရှိုးမြို့သို့ လည်းကောင်း၊ ဆက်လက်၍ တပ်မတော် လေယာဉ်ဖြင့် လားရှိုးမြို့မှ ရန်ကုန်မြို့သို့လည်းကောင်း အန္တရာယ်ကင်းရှင်းစွာ ကူညီပို့ဆောင်ပေးနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •