၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ၏ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ၏ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်


Ministry of Information/ ​နေပြည်တော် / August 22, 2019
image_latest


နေပြည်တော် သြဂုတ် ၂၂

 

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးမြို့တွင် ပြုလုပ်သည့် ၂၀၁၉ ခုနှစ် (၁၈) ကြိမ်မြောက် ကမ္ဘာ့ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ၏ အားကစားပြိုင်ပွဲ (World Police and Fire Game) သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြုအားကစားအသင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းထွန်းဦးဆောင်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အားကစားသမား (၁၅) ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

 

အဆိုပါပြိုင်ပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း (၇၉) နိုင်ငံမှ အားကစားသမား (၈၀၀၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ရွှေတံဆိပ် (၄) ခု၊ ငွေတံဆိပ် (၄) ခုနှင့် ကြေးတံဆိပ် (၃) ခုဆွတ်ခူးရရှိခဲ့ကြောင်း၊ ရွှေတံဆိပ် (၄) ခုကို ဒုရဲအုပ် ရန်နိုင်စိုးက ဂျူဒိုပြိုင်ပွဲ (၁၀၀) ကီလိုတန်းတွင်လည်းကောင်း၊ ရဲတပ်ကြပ် ဆွေလီမြင့် (အမျိုးသမီး) က အပြေးမီတာ (၁၅၀၀) ပြိုင်ပွဲတွင်လည်းကောင်း၊ ရဲတပ်သား ဇော်လင်းထက်က တိုက်ကွမ်ဒို ဖလိုင်းဝိတ်တန်း ပြိုင်ပွဲတွင်လည်းကောင်း၊ ရဲတပ်သားကျော်မင်းနိုင်က တိုက်ကွမ်ဒို ကီလိုဝယ်သာတန်း ပြိုင်ပွဲတွင်လည်းကောင်း၊ ငွေတံဆိပ် (၄) ခုကို ရဲတပ်ကြပ် ဆွေလီမြင့် (အမျိုးသမီး) က အပြေးမီတာ (၈၀၀) ပြိုင်ပွဲတွင်လည်းကောင်း၊ ဒုရဲအုပ် အေးအေးသန်း (အမျိုးသမီး) က အပြေးမီတာ (၅၀၀၀) ပြိုင်ပွဲနှင့် မီတာ (၁၀၀၀၀) ပြိုင်ပွဲတို့တွင်လည်းကောင်း၊ ရဲတပ်သားရဲထက်အောင်က ကြိုးတပ် သံလုံးပစ်ပြိုင်ပွဲတွင်လည်းကောင်း အသီးသီးဆွတ်ခူးရရှိကာ ကြေးတံဆိပ် (၃) ခုကို ဒုရဲမှူးဝင်းနိုင်က ဂေါက်သီးရိုက်ပြိုင်ပွဲ တွင်လည်းကောင်း၊ ရဲတပ်သားစောပြည့်စုံနေက မီတာ (၃၀၀၀) အတားဆီးကျော် အပြေးပြိုင်ပွဲတွင်လည်းကောင်း၊ ရဲတပ်သား စိုးရွှေဇင်ထွန်း (အမျိုးသမီး) က တိုက်ကွမ်ဒို ကီလိုဖလိုင်းဝိတ်တန်း ပြိုင်ပွဲတွင်လည်းကောင်း အသီးသီးဆုများ ဆွတ်ခူးရရှိခဲ့ပြီး အားကစားကဏ္ဍတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

(ရဲပြန်ကြား)

HOT NEWS
January 4,