ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ တို့ အကြား စိုက်ပျိုးရေး လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်လက်မှတ်ရေးထိုး

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ တို့ အကြား စိုက်ပျိုးရေး လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်လက်မှတ်ရေးထိုး


Ministry of Information/ ​နေပြည်တော် / August 23, 2019
image_latest


မြစ်ကြီးနား ဩဂုတ် ၂၃

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့အကြား စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ ပံ့ပိုးကူညီမှုဆိုင်ရာ စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် သဘောတူညီချက်ကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်မှတ်ရေးထိုးကြသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး ICRC မှ ကချင်ပြည်နယ်ရုံးခွဲတာဝန်ခံ Mrs.Chalotte Nicol ဒီသဘော တူညီချက်ကို လက်မှတ်ရေးထိုး နိုင်ခြင်းသည် ICRC နှင့် အစိုးရတာဝန်ရှိသူများအကြား ခိုင်မာမြဲမြံသည့် လက်တွဲလုပ်ဆောင်နိုင်မှုနှင့် အတူအကွညှိနှိုင်းပြောဆို လုပ်ဆောင်မှုများ၏ အောင်မြင်မှုအသီးအပွင့် ဖြစ်ကြောင်း၊ ရှေ့ဆက်လုပ်ဆောင်မှုအဖြစ် ဇီးလွန်စိုက်ပျိုးရေးခြံအတွက် ICRC မှ စက်ယန္တရားများ၊ စိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာများကို လှူဒါန်းသွားမည့်အပြင် မျိုးစေ့ခြံဝန်ထမ်းများကိုလည်း စွမ်းဆောင်ရည်မြှင့်သင်တန်းပေးခြင်း အစီအစဉ်ပါဝင်သည့်အတွက် စီမံကိန်း၏ အရေးကြီးသော အစိတ် အပိုင်းတစ်ခုဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြည်သူများအတွက်အမှန် တကယ်လိုအပ်သည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အစိတ်အပိုင်းတစ်ခုဖြစ်သည့်စိုက်ပျိုးရေး ကဏ္ဍတွင် ပံ့ပိုးကူညီမည်ဖြစ်သည့်အတွက် ICRC ကို အထူးကျေးဇူးတင်ရှိကြောင်း၊ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းသဘောတူညီချက်ကို ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် ICRC မှကချင်ပြည်နယ်ရုံးခွဲတာဝန်ခံတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ စီမံကိန်းတွင် မြစ်ကြီးနားမြို့ ဇီးလွန်ရပ်ကွက်၊ နယ်မြေ ၁၃ တွင်ရှိသော ဇီးလွန်မျိုးစေ့ခြံ ကိုပြန်လည်ထူထောင်ကာ ခေတ်မီစိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများဖြစ်သည့် လယ်ယာသုံး စက်ယန္တရားများနှင့်ကိရိယာများထောက်ပံ့ခြင်း၊ အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်း စွမ်းရည်မြှင့် သင်တန်းများ ပေးခြင်း၊ ဓာတ်မြေဩဇာများ ပံ့ပိုးကူညီပေးခြင်း အစီအစဉ်တို့ ပါဝင်ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)

 

HOT NEWS
January 4,