အရှေ့တောင်အာရှဒေသနိုင်ငံများမှ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာများ အစည်းအဝေးကျင်းပ

အရှေ့တောင်အာရှဒေသနိုင်ငံများမှ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာများ အစည်းအဝေးကျင်းပ

Ministry of Information/ ​နေပြည်တော် / September 11, 2019
image_latest


 

နေပြည်တော် စက်တင်ဘာ ၁၁

 

ကာကွယ်ဆေးနည်းပညာ ဖြစ်ထွန်းတိုးတက်မှုများနှင့်စပ်လျဉ်း၍ Johns Hopkins Medical Institutions ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့၊ CDC ၊ PATH ၊ John Snow Inc ၊ The Chinese University of Hong Kong ၊ University of Melbourne တို့မှ ပညာရှင်များနှင့် အရှေ့တောင်အာရှဒေသနိုင်ငံများမှ ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက် မန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နောက်ဆုံးပေါ် အသိပညာ၊ နည်းပညာများနှင့် အတွေ့အကြုံကောင်းများကို ဆွေးနွေးမျှဝေကြမည်ဖြစ်၍များစွာ အကျိုးရှိမည်ဖြစ် ပါကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ထင်ရှားသော တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ ပညာရှင်များက မတူညီသော ရှုထောင့် အမျိုးမျိုးမှ တင်ပြဆွေးနွေးကြမည်ဖြစ်၍ စဉ်းစားတွေးခေါ်မှု အသစ်များကို ဖြစ်ထွန်းပေါ်ပေါက်စေမည်ဟု ယုံကြည်ပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းသည် ကျွမ်းကျင်မှုနှင့်နည်းပညာ၊ ကာကွယ်ဆေးနှင့်ဆက်စပ် ပစ္စည်းများ၊ မတူကွဲပြားခြားနားသော လူမှုစီးပွားပတ်ဝန်းကျင် အခြေအနေများ၊ အအေးလမ်းကြောင်း ထိန်းသိမ်း ရေးစသည့် အမျိုးမျိုးသော စီမံခန့်ခွဲ ရေးများကို ပါဝင်ဆောင်ရွက်ရသဖြင့် အလွန်ကျယ်ပြန့်သော လုပ်ငန်းဖြစ် ပါကြောင်း။

 

 ကာကွယ်ဆေးထိုး လုပ်ငန်းနှင့်ပတ်သက်၍ အသုံးချ သုတေသနများပြုလုပ်၍ လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ အားနည်းချက်များကိုဖော်ထုတ်ပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်စေလိုပါကြောင်း၊ ကာကွယ်ဆေး ထိုးလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်း သတင်းအချက်အလက်များကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ လေ့လာဆန်းစစ်ပြီး တွေ့ရှိချက်နှင့် အကြံပြုချက်များကို သက်ဆိုင်သူများသို့ ပြန်လည်ပေးပို့အကြောင်းကြားခြင်း လုပ်ငန်းများကို ကျန်းမာရေးစောင့်ရှာက်မှုစနစ် အဆင့်ဆင့်မှတာဝန်ရှိသူများက ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ဆောင်ရွက်နိုင်သည့်စွမ်းဆောင်ရည်ရှိရန်လည်း လေ့လာသင်ကြား ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ကျန်းမာရေး အသိပညာအဆင့်အတန်းနှင့် ကာကွယ် ဆေးထိုးလုပ်ငန်း အောင်မြင်မှုတို့သည်တိုက်ရိုက်ဆက်စပ်နေပါကြောင်း၊ ကာကွယ်ဆေးနှင့် ပတ်သက်သော ပြည်သူများ၏ အသိပညာမြင့်မားလာပါက ကာကွယ်ဆေးထိုးစုရပ်များသို့ ပိုမိုလာရောက်ထိုးနှံ လာမည်ဖြစ်ပြီး ကာကွယ်ဆေး လွှမ်းခြုံမှုရာခိုင်နှုန်း ပိုမိုမြင့်မားလာ မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

အဆိုပါ အစည်းအဝေးတွင် ရာသီတုပ်ကွေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဆုံဆို့နာရောဂါ၊ ရိုတာဝမ်းပျက်ဝမ်း လျှောရောဂါ၊ သားအိမ်ခေါင်းကင်ဆာ၊ ခွေးရူးရောဂါနှင့် အသည်း ရောင်အသားဝါ ဘီစသောကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကို ဘက်စုံ သုံးသပ်ဆွေးနွေးသွားကြမည်ဖြစ်သည်။

 

(သတင်းစဉ်)

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •