ထွန်ယက်ရေးဝန်ဆောင်မှု

ထွန်ယက်ရေးဝန်ဆောင်မှု


Ministry of Agriculture, Livestock and Irrigation / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ 

ထွန်ယက်ရေးလုပ်ငန်းအတွက်ထွန်စက်ငှားရမ်းဆောင်ရွက်လိုသည့် တောင်သူလယ်သမားများသည် မိမိနေထိုင်ရာ မြို့နယ်(သို့မဟုတ်)နီးစပ်ရာမြို့နယ်ရှိ စက်မှုလယ်ယာစခန်းသို့သွားရောက်ပြီး ထွန်စက်လုပ်ငန်းတောင်းခံစာရင်းဖြင့်လျောက်ထားရမည်။ ၎င်းထွန်ယက်ရေး ဆောင်ရွက်လိုသောလယ်ယာမြေဧကအတွက် ထွန်ယက်ခ ပေးသွင်းငွေအား စက်မှုလယ်ယာစခန်းရုံးမှ ချလံပြုစုပေး၍တောင်သူများ ကိုယ်တိုင်ဘဏ်သို့ ပေးသွင်းရမည်။ ထွန်ယက်ခငွေပေးသွင်းပြီးပါက ထွန်စက်ဖြင့် လုပ်ကိုင်ခွင့် အမိန့်ထုတ်ပေးပြီး စက်မောင်းနှင့်အတူ ထွန်ယက်မည့်ထွန်စက်ကို ငှားရမ်းမည့်တောင်သူများ၏ လယ်ကွင်းသို့ စေလွှတ်ပါသည်။ ထွန်ယက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ထွန်စက်လုပ်ငန်းပြီးစီးမှုစာရင်းတွင် တောင်သူတို့မှ ပြီးစီးကြောင်း လက်မှတ်ရေးထိုးပေးရမည်။

ဝန်ဆောင်ခ

(က) ထွန်(၁)ဧကလွှာ                ၆၅၀ဝိ/- ကျပ်

(ခ) ထယ်(၁)ဧကလွှာ              ၁၃၀၀ဝိ/- ကျပ်

(ဂ) ရိုတာဗေတာတစ်ဧကလွှာ   ၁၃၀၀ဝိ/- ကျပ်

(ဃ) ရှေ့ဂေါ်(၁)နာရီ                 ၁၃၀၀ဝိ/- ကျပ်

(င) နောက်ဂျုတ်(၁)နာရီ               ၆၅၀ဝိ/- ကျပ်

(စ) Leveller(၁)နာရီ                 ၁၃၀၀ဝိ/- ကျပ်

လိုအပ်သောစာရွက်စာတမ်းများ

ထွန်စက်လုပ်ငန်းတောင်းခံစာရင်း

ဆက်သွယ်ရမည့်လိပ်စာ

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိစက်မှုလယ်ယာစခန်းများ

Website လိပ်စာ

မရှိပါ။



Services (Online) - 0 items

No Data Available

HOT NEWS
January 4,