လယ်ယာသုံးစက်ကိရိယာများ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း

လယ်ယာသုံးစက်ကိရိယာများ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း


Ministry of Agriculture, Livestock and Irrigation / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လယ်ယာလုပ်ငန်းလုပ်ကိုင်သူ (သို့မဟုတ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သောစာရွက်စာတမ်းများ

(က) မှတ်ပုံတင်မိတ္တူ

(ခ)  အိမ်ထောင်စုစာရင်းမိတ္တူ

(ဂ)  လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)

(ဃ) ဝယ်ယူလိုသည့် လယ်ယာသုံးစက်ကိရိယာ၏ တန်ဖိုးထက်မနည်းသော ပစ္စည်းကို အာမခံအဖြစ်   တင်သွင်းရမည်။

(င)  အာမခံသူ(၂)ဦးမှ ထပ်ဆင့်အာမခံရမည်။

(စ) အာမခံတင်သွင်းသည့် ပစ္စည်းတန်ဖိုးသတ်မှတ်ချက်နှင့် ပက်သတ်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။

လျှောက်ထားရန်အဆင့်များ

(က) လယ်ယာသုံးစက်ကိရိယာဝယ်ယူခွင့်လျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ မြို့နယ်စက်မှုလယ်ယာစခန်းများသို့ လျှောက်ထားရမည်။

(ခ)  စက်မှုလယ်ယာစခန်းများမှ တဆင့် ခရိုင်၊ တိုင်းဒေသကြီး /ပြည်နယ် ဦးစီး ဌာနမှူးများသို့ အဆင့်ဆင့်တင်ပြ လျှောက်ထားရမည်။

ဆက်သွယ်ရမည့်လိပ်စာ

စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာစခန်းများ

ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာများ

စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာစခန်းများ

Website လိပ်စာ

မရှိပါ။



Services (Online) - 0 items

No Data Available

HOT NEWS
January 4,