(OSS)စုပေါင်းရုံးများတွင် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းများ

(OSS)စုပေါင်းရုံးများတွင် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းများ


Chin State Government / October 05, 2021

၁။      ချက်ချင်းဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ

                   (က)    မီးလောင်မှုတိုင်ကြားခြင်းအား ချက်ခြင်းဆောင်ရွက်ပေးခြင်း။

                   (ခ )    မီးဘေးအန္တရာယ်စိုးရိမ်ရမှု တိုင်ကြားခြင်းအား စိစစ်ပေးခြင်း။

                   (ဂ )    ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အကူအညီတောင်းခံခြင်း/သတင်းပို့ခြင်း။

                   (ဃ)    မီးသတ်တပ်ဖွဲ့ တပ်သားသစ်လျှောက်လွှာပုံစံထုတ်ပေးခြင်း။

                   (င )    အများပြည်သူနှင့်ဆိုင်သော     နေရာသောက်သုံးရေပြတ်လပ်ပါက   ပံ့ပိုးကူညီ                          ပေးခြင်း။

                   (စ )    ပြည်သူများအပေါ်အခက်အခဲကြုံတွေပါက ကူညီဆောင်ရွက်ပေးခြင်း။

                             (ဥပမာ-သွေးလိုခြင်း၊လူနာတင်ယာဉ်၊ အကျဉ်းအကြပ်အတွင်း ပိတ်မိနေခြင်း)

၂။       နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ-

                   (က)    ပွဲမိန့်ထောက်ခံပေးခြင်း။

                   (ခ )    မြေယာအသုံးပြုမှုဆိုင်ရာ သဘောထားမှတ်ချက်ပေးခြင်း။   

                   (ဂ )    လုပ်ငန်းလိုင်းစင်ဟောင်း သတ်တမ်းတိုးခြင်း။

(ဃ)    သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ဟိုတယ် လုပ်ငန်းလိုင်စင် လျှောက်ထားရန်သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာန၏ သဘောထား မှတ်ချက် တောင်းခံပေးခြင်းထုတ်ပေးခြင်း။

(င )    မီးလောင်မှုဖြစ်စဉ်မှန်ကန်ကြောင်း သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံ ချက်ထုတ်ပေးခြင်း။

 

၃။      (၃)ရက်အတွင်း ဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ-

(က)    မီးဘေးလုံခြုံရေးအတွက် လက်တွေသရုပ်ပြခြင်း၊ ဟောပြောပွဲကျင်းပပြု လုပ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ သာမန်စစ်ဆေးခြင်း။

(ခ )    ပုဂ္ဂလိကစက်သုံးဆီးအရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေး ထောက်ခံ ချက်။

 

၄။      တစ်ပတ်အတွင်း ဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ-

(က)    လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားမှုများအတွင်း သက်ရာသက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်ထုတ်ပေးခြင်း။

(ခ )    သက်ဆိုင်ရာလုပ်ငန်းအလိုက်မီးဘေးလုံခြုံရေးအသိပညာပေးခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်း သရုပ်ပြခြင်း။

(ဂ )    မီးဘေးလုံခြုံရေးအတွက်    လက်တွေသရုပ်ပြခြင်း    ဟောပြောပွဲကျင်းပပြု လုပ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း။ (နည်းပညာအဆင့်စစ်ဆေးခြင်း)

(ဃ)    အဆောက်အဦးသစ်များ ဆောက်လုပ်ရာတွင် လိုအပ်သော မီးဘေးလုံခြုံရေး အကြံပြုချက်ပေးခြင်း။

(င )    အသေးစားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမီးဘေးလုံခြုံရေးစစ်ဆေး ထောက်ခံချက်ပေးခြင်း။

၅။      နှစ်ပတ်အတွင်း ဆောင်ရွက်ပေးနိုင်သောလုပ်ငန်းများ-

(က)    အဆောက်အဦးသစ်များ ဆောက်လုပ်ရာတွင် လိုအပ်သော မီးဘေးလုံခြုံရေး အကြံပြု ချက်ပေးခြင်း။

(ခ )    အဆောက်အဦး ဆောက်လုပ်ချိန် မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက် ထုတ်ပေးခြင်း။

Website လိပ်စာ

https://chinstate.gov.mm/

FAQs

Services (Online) - 0 items

No Data Available

HOT NEWS
January 4,