Myanmar Foreign Trade Bank (MPU New Product (IBFT- Inter Bank Fund Transfer)) အွန်လိုင်းမှ အခွန်ငွေပေးဆောင်ခြင်း( Online Tax Payment )

Myanmar Foreign Trade Bank (MPU New Product (IBFT- Inter Bank Fund Transfer))


Ministry of Planning and Finance / October 07, 2021

 

၁။      IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို မိမိဘဏ်၏ ATMများတွင် အောက်ပါအတိုင်း ငွေလွှဲပြောင်းနိုင်ပါသည် -

          (၁-က)   MFTB ATM တွင် MFTB Card မှ အခြားဘဏ် MPU Card (eg.MWD) သို့ လည်းကောင်း

          (၁-ခ)    MFTB ATM တွင် အခြားဘဏ် MPU Card (eg. Yoma) မှ အခြားဘဏ် MPU Card ( eg. Yoma)သို့ လည်းကောင်း

          (၁-ဂ)    MFTB ATM တွင် အခြားဘဏ် MPU Card (eg. Yoma) မှ အခြားဘဏ် MPU Card ( eg. Shwe)သို့ လည်းကောင်း

၂။       IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို အခြားဘဏ်၏ ATM များတွင်လည်း အောက်ပါအတိုင်း ငွေလွှဲပြောင်းနိုင်ပါသည် -

          (၂-က)   အခြားဘဏ် ATM တွင် MFTB Card မှ MFTB Card သို့ လည်းကောင်း

          (၂-ခ)     အခြားဘဏ် ATM တွင် MFTB Card မှအခြားဘဏ် MPU Card (eg. UAB) သို့ လည်းကောင်း

          (၂-ဂ)    အခြားဘဏ် ATM တွင် အခြားဘဏ် MPU Card (eg. CHDB) မှ MFTB Card သို့လည်းကောင်း

၃။      IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို တစ်နေ့လျှင် အနည်းဆုံး ကျပ်တစ်ထောင် (၁,၀၀၀/-) မှ အများဆုံးကျပ်သိန်းတစ်ရာ (၁၀,၀၀၀,၀၀၀/-) အထိ လွှဲပြောင်း နိုင်မည်ဖြစ်ပါသည်။ ဝန်ဆောင်ခ အနေဖြင့် ပုံသေ ကျပ် (၂၀၀/-) နှင့် ငွေလွှဲပြောင်းသည့် ပမာဏ ၏ ( ၀.၀၅% )ကို လွှဲပြောင်းသူ၏ ATM Card Account မှ ကောက်ခံမည်ဖြစ်ပါသည်။

၄။      ယင်းငွေလွှဲဝန်ဆောင်မှုကို လတ်တလောတွင် IBFT (Inter Bank Fund Transfer) ဆောင်ရွက်ပြီးစီးသော MPU အဖွဲ့ဝင်ဘဏ်များဖြစ်သည့် Yoma, Shwe, UAB, RDB, MWD, CHIDB များ၏ ATM များနှင့် ATM Card များသို့သာ  ငွေလွှဲပြောင်းနိုင်မည်ဖြစ်ပါသည်။

Website လိပ်စာ

https://www.mmftb.gov.mm/

FAQs

အွန်လိုင်းမှ အခွန်ငွေပေးဆောင်ခြင်း( Online Tax Payment )


Ministry of Planning and Finance / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

၁။ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် SASစနစ် ကျင့်သုံးသည့် ရုံးများ၌ အခွန်ထမ်းဆောင်လျက်ရှိသော အခွန်ထမ်းလုပ်ငန်းရှင်များအနေဖြင့် MPU Card အသုံးပြု၍ Online မှ အခွန်ပေးဆောင်နိုင်ရန် အတွက် အောက်ပါအချက်များကို လိုက်နာရမည် ဖြစ်ပါသည်-

(က) ဂဏန်း(၉)လုံးပါ အခွန်ထမ်းမှတ်ပုံတင်နံပါတ် TIN( Tax Identification Number) ရရှိပြီးသော အခွန်ထမ်းများ၏ အခွန်ပေးသွင်းငွေသည် သိန်း(၅၀) အောက်ဖြစ်ပါက e-commerce အရဆောင်ရွက်လျက်ရှိသော Any MPU Debit Card ကိုမဆို အသုံးပြု၍ Online မှတဆင့်အခွန်ထမ်းဆောင်နိုင်ပါသည်။

(ခ) သို့ရာတွင် အခွန်ပေးသွင်းငွေသည် သိန်း (၅၀) နှင့်အထက်ဖြစ်ပါက ဘဏ်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဆိုင်ရာအခွန်ရုံး၏ အထောက်အထားဖြင့် Corporate စာရင်းတစ်ခုချိတ်ဆက်ရန် MPU Corporate Debit Card လျှောက်ထားရပါမည်။

(ဂ) အဆိုပါ MPU Corporate Debit Cardသည် Tax Payment တစ်ခုတည်းသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြားသော Transaction များကို အသုံးပြုခွင့် ရရှိမည်မဟုတ်ပါ။

(ဃ) အခွန် ပေးဆောင်ရာတွင် Transaction တစ်ကြိမ်လျှင် Maximum ပမာဏ ကျပ် (၅) ဘီလီယံသာ ပေးသွင်းနိုင်မည် ဖြစ်ပါသည်။

(င) အဆိုပါ အခွန်ပေးဆောင်ခြင်းအတွက် Transaction တစ်ကြိမ်လျှင် MPU မှ ဝန်ဆောင်ခ(၂၀၀၀) ကျပ် ကောက်ခံပါမည်။

(စ) အခွန်ပေးဆောင်သော Transaction တစ်ကြိမ်ပြုလုပ် တိုင်း လုံခြုံမှု ရှိစေရန်အတွက် One Time Password (OTP) ကို အသုံးပြုရမည် ဖြစ်၍ OTP ပေးပို့ရန် အတွက် Dedicated Email Account တစ်ခုကို Card လျှောက်သည့် ဘဏ်သို့ ပေးရမည်ဖြစ်ပါသည်။ အဆိုပါ Email Security ကို အသုံးပြုသူမှ တာဝန်ယူရန် ဖြစ်ပါသည်။

(ဆ) အခွန်ပေးသွင်းမှုပြုလုပ်ပြီး Successful ဖြစ်ပါက အခွန်ပေးဆောင်သူထံသို့ Transaction Successful ဖြစ်ကြောင်း Email ပို့ပေးပါမည်။ Email မရရှိပါက Transaction Successful မဖြစ်ပါ။

ဝန်ဆောင်ခ

၂။ Transaction တစ်ကြိမ်လျှင် MPU မှ ဝန်ဆောင်ခ (၂၀၀၀)ကျပ် ကောက်ခံပါမည်။

လိုအပ်သော စာရွက်စာတမ်းများ

၃။ Corporate Debit Card လျှောက်ထားရန်အတွက် ဆိုင်ရာအခွန်ရုံး၏ ထောက်ခံချက်

လျှောက်ထားရန်အဆင့်များ

၄။ (က) အဆင့် ၁

Corporate Debit Card လျှောက်ထားရန်အတွက် ဆိုင်ရာအခွန်ရုံး၏ ထောက်ခံချက် ယူရမည်။

(ခ) အဆင့် ၂

အခွန်ထမ်းများသည် MPU Card အသုံးပြုနိုင်သည့် ဘဏ်တွင် မှတ်ပုံတင်မူရင်း နှင့်မိတ္တူ၊ ဆိုင်ရာအခွန်ရုံး၏ထောက်ခံချက်ဖြင့် Corporate စာရင်းတစ်ခု ချိတ်ဆက်ရန် MPU Corporate Debit Card လျှောက်ထားရပါမည်။

ဆက်သွယ်ရမည့်လိပ်စာ

၅။ (က) အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး

အမှတ်(၅၆၇/၅၇၇) ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ဖုန်း - ၀၁-၃၈၄၈၁၂၊ ၀၁-၃၈၄၇၉၇၊ ၀၁-၃၈၄၂၉၄

(ခ) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁)

အမှတ် (၅၉/၆၁)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊

ရန်ကုန်တိုင်းဒေသကြီး

(ဂ) ပြည်တွင်းအခွန်များဦးစီးဌာန

သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ(ရန်ကုန်ရုံးခွဲ)

အမှတ် (၅၆/၆၄)၊ ပန်းဆိုးတန်းလမ်း နှင့်ကုန်သည်လမ်းထောင့် ၊ ကျောက်တံတားမြို့နယ်၊

ရန်ကုန်တိုင်းဒေသကြီး

ဖုန်း - ၀၁-၃၇၀၁၉၈

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

၆။ MPU အသုံးပြုနိုင်သည့် မည်သည့်ဘဏ်တွင်မဆို

ဖြည့်စွက်ချက်

၇။ အခွန်ရုံးအားလုံးတွင် အသုံးပြုနိုင်အောင်တိုးချဲ့ဆောင်ရွက်မည်။

Website လိပ်စာ

၈။ www.ird.gov.mm