ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရပ်ဝေးဒေသများမှကျောင်းသား၊ ကျောင်းသူ များအား စာရေးကိရိယာများနှင့်ရေသန့်စက်များ ထောက်ပံ့

Ministry of Information/ Naypyitaw / March 23, 2023
နေပြည်တော် မတ် ၂၂
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr.Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန သံတမန်ခန်းမ၌ တွေ့ဆုံသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr.Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ ယခုခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေး ဝန်ကြီး H.E.Mr. Konstantin Chuy Chenko ၏ ဖိတ်ကြားချက်အရ ၂၀၂၂ ခုနှစ် ဇွန် ၂၈ ရက်မှ ဇူလိုင် ၁ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖိုရမ်(10th St. Petersburg International Legal Forum) သို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တက်ရောက်စဉ် H.E.Mr. Konstantin Chuy Chenko နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ဥပဒေ ရေးရာပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့မှု အရ Memorandum of Cooperation နှစ်စုံကို ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနနှင့် သော်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့်သော်လည်းကောင်း လက်မှတ် ရေးထိုးနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း၏ နောက်ဆက်တွဲ ရလဒ်ဖြစ်သည်။
နှစ်ဖက် အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဆက်သွယ်ဆောင်ရွက်ခဲ့မှု၊ ဥပဒေရေးရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဥပဒေစနစ်နှင့် ဥပဒေပြုရေးဆိုင်ရာ သတင်းအချက် အလက်နှင့် အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်း၊ ပူးတွဲဆွေးနွေးညှိနှိုင်းခြင်းများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေး ပွဲများနှင့် မျက်နှာစုံညီ ဆွေးနွေးမှု များကျင်းပခြင်း၊ အတွေ့အကြုံမျှဝေခြင်းနှင့် လေ့လာ သင်ယူခြင်းတို့အတွက် ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးနိုင်ရေးတို့ကို ခင်မင်ရင်းနှီးစွာ နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr.Igor KRASNOV တို့က လက်မှတ်ရေးထိုးကြသည်။
အဆိုပါ အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. LISTOPADOV Nikolay ၊ ရုရှားဖက် ဒရေးရှင်းနိုင်ငံ ဒုတိယရှေ့နေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သွားရောက်ဖူးမြော်ကြည်ညို
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr. Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရှေ့နေချုပ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ရတနာဆင်ဖြူ တော်ဆောင်တွင် ဆင်ဖြူတော်များကို အစားအစာများကျွေးမွေး ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr. Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား Jasmine Naypyitaw Hotel ၌ နေ့လယ်စာ ဖြင့် တည်ခင်းဧည့်ခံရာ နေ့လယ်စာစားပွဲသို့ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. LISTOPADOV Nikolay တို့ တက်ရောက်ခဲ့ကြသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်၏ ခရီးစဉ်အတွင်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဆွေးနွေးညှိနှိုင်းမှုအစီအစဉ်အရ ပူးပေါင်းကျင်းပသည့် “SEMINOR ON LEGAL COOPERATION BETWEEN MINISTRY OF LEGAL AFFAIRS,THE REPUBLIC OF THE UNION OF MYANMAR AND THE PROSECUTOR GENERAL’S OFFICE OF THE RUSSIAN FEDERATION” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ အဂတိလိုက် စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံး၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Sergey Vladimirovich PLOKHOV က “Topical direction of international legal cooperation of the Prosecutor General’s Office of the Russian Federation in the context of modern threats and challenges” ဘာသာရပ်ကိုလည်းကောင်း၊ အဖွဲ့အစည်းဆိုင်ရာနှင့် သုတေသနဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr.Denis KUNEV က “On the Russian experience of countering crimes in IT-sphere,including illicit turnover of cryptocurrency and other virtual assets” ဘာသာရပ်ကိုလည်းကောင်း ဆွေးနွေးပို့ချပြီး ဆွေးနွေး ပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိ ၄၅ ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာထမ်းရှစ်ဦး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အရာထမ်း ခုနစ်ဦး၊ Naypyitaw State Academy မှ ဥပဒေ ဘာသာရပ်အထူးပြု ကျောင်းသား ကျောင်းသူ ၁၅ ဦး၊ စုစုပေါင်း ၇၅ ဦး တက်ရောက်၍ ဆွေးနွေးပို့ချချက် များအပေါ် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေမည်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr. Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့၏ သံတမန် ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအခါသမယအတွင်း လာရောက်သော ခရီးစဉ်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်း၊ ခရီးစဉ်အတွင်း ညှိနှိုင်းမှုအစီအစဉ်အရ SEMINOR ON LEGAL COOPERA-TION ကျင်းပနိုင်ခြင်းတို့ကြောင့် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သော ချစ်ကြည် ရင်းနှီးမှုနှင့် ယုံကြည် နားလည်မှုကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်းနှင့် နှစ်နိုင်ငံအကြား ဥပဒေရေးရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရပ်ဝေးဒေသများမှကျောင်းသား၊ ကျောင်းသူ များအား စာရေးကိရိယာများနှင့်ရေသန့်စက်များ ထောက်ပံ့
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရပ်ဝေးဒေသများမှကျောင်းသား၊ ကျောင်းသူ များအား စာရေးကိရိယာများနှင့်ရေသန့်စက်များ ထောက်ပံ့
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရပ်ဝေးဒေသများမှကျောင်းသား၊ ကျောင်းသူ များအား စာရေးကိရိယာများနှင့်ရေသန့်စက်များ ထောက်ပံ့
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရပ်ဝေးဒေသများမှကျောင်းသား၊ ကျောင်းသူ များအား စာရေးကိရိယာများနှင့်ရေသန့်စက်များ ထောက်ပံ့
မျိုးခြံလုပ်ငန်း ၊ ဥဖောက်လုပ်ငန်း ၊ မွေးမြူရေးခြံလုပ်ငန်းမှတ်ပုံတင်လက်မှတ် ၊ PC(7) ထုတ်ပေးခြင်း
Chin State Government / October 05, 2021
စိုက်ပျိုး မွေးမြူ၊ ထုတ်လုပ်ရေး အမည်ပြောင်းလျှောက်ထားခွင့်။
Yangon Region Government / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကျွဲနွား သယ်ဆောင်ခွင့်။
Yangon Region Government / September 30, 2021
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန်
ကမ်းဝေးငါးဖမ်း/ငါးသယ်လိုင်စင်လျှောက်ထားခြင်း
Ministry of Agriculture, Livestock and Irrigation / April 09, 2018
ပြည်ပတင်ပို့ငါးသယ်လိုင်စင်လျှောက်ထားခြင်း
Ministry of Agriculture, Livestock and Irrigation / April 09, 2018
ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် မွေးမြူမှုလိုင်စင် ထုတ်ပေးခြင်း
Ministry of Agriculture, Livestock and Irrigation / April 18, 2018
ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့်လိုင်စင်ထုတ်ပေးခြင်း
Ministry of Agriculture, Livestock and Irrigation / April 18, 2018
ရေထွက်ပစ္စည်းများ Normal & Border Trade ဖြင့် တင်ပို့ခြင်း။
Ministry of Agriculture, Livestock and Irrigation / April 25, 2018
ကမ်းနီးငါးဖမ်း/ငါးသယ်ရေယာဉ်လိုင်စင်ထုတ်ပေးခြင်း
Ministry of Agriculture, Livestock and Irrigation / April 09, 2018
MoH Union Minister holds coordination meeting on RDT use for international flight passengers, inspects preparations at Yangon International Airport
Ministry of Information/ Naypyitaw / April 29, 2022
UNION Minister for Health Prof Dr Thet Khaing Win presided over a coordination meeting on plans to change into an RDT system for international flights on 27 April.
During the meeting, the Union minister said the infection rate of COVID-19 has declined in most regional countries, including Myanmar. Specific activities are also prioritized systematically to ease COVID-19 rules and regulations as the COVID-19 vaccine coverage becomes high.
The government also arranged to ensure the reopening of international flights and systematic COVID-19 health rules for the tourist and Myanmar citizen arrivals to develop the country’s global tourism industry.
He also talked about the declining positive cases among the passengers in commercial flights and relief flights, challenges in the resumption of commercial aviation, and the COVID19 Antigen Rapid Diagnostic Test (RDT) to save time and money for flight passengers.
Then, meeting attendees discussed proper services for passengers, plans to change into RDT (draft) and current challenges during the resumption of international flights, visas, health insurance, collection of Myanmar kyats for RDT test, preparations to avoid mass gatherings in RDT test section at the airport, taking swab samples, quality RDT test kits and other matters.
The Union minister instructed necessary things and concluded the meeting.
The Union minister and relevant officials inspected the preparations to conduct COVID-19 tests using RDT on the passengers of regular international flights at Yangon International Airport yesterday.
During the inspection tour, the Union minister instructed officials to systematically collect data from passengers, swab samples, the opening of more swab counters to avoid mass gathers while waiting for their test results, establish an exchange counter, welfare of airport staff and disease control activities when the results show positive.
The Ministry of Health allowed the international flights starting 17-4-2022 as per COVID-19 health rules under the COVID-19 Central Committee on Prevention, Control and Treatment and decided to use RDT at the Yangon International Airport soon to save the cost as the infection rate drops.
MNA
#TheGlobalNewLightOfMyanmar